Android Device Manager ဆိုတာ

စာဖတ်သူရဲ့ ဖုန်းဟာ ဈေးကြီးပေးဝယ်ထားရသလို၊ မိမိရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေလည်း ပါဝင်နေနိုင်တာကြောင့်၊ မပျောက်မရှအောင် အမြဲတမ်းသတိထားနေဖို့ လိုပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့်များ စာဖတ်သူရဲ့ Android ဖုန်းလေး ပျောက်သွားပြီ (ဒါမှမဟုတ်) အခိုးခံလိုက်ရပြီဆိုရင်တောင်၊ အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို မှတ်သားထားရင် မိမိဖုန်းဘယ်ရောက်နေလဲဆိုတာ တည်နေရာရှာတာ၊ ဖုန်းသံမြည်လာအောင် လှမ်းလုပ်တာ၊ နောက်ဆုံး ဖုန်းကို လုံးဝသုံးလို့မရအောင် လော့ခ်ချပစ်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဒီနည်းလမ်းလေးဟာ အလွန်လွယ်ကူပြီး လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ ဖုန်းမကြာခဏပျောက်တတ်သူ၊ မိမိမိတ်ဆွေအပေါင်းအသင်းတွေလည်း မှတ်သားနိုင်အောင် မျှဝေပေးဖို့ တိုက်တွန်းချင်ပါတယ်။

၁။ ပထမဦးဆုံး ဖုန်း Settings ထဲကို ၀င်ပါမယ်။



၂။ Security ဆိုတဲ့ စာသားကို ရွေးပေးပါ။



၃။ Security ကို နှိပ်ပြီးသွားရင် ‘Device Administrators’ ဆိုတာကို ထပ်နှိပ်ပေးပါ။ ဒီနေရာမှာ ‘Android Device Manager’ ဆိုတဲ့ စာသားဘေးမှာ အမှန်ခြစ်လေး ရှိနေလားဆိုတာ သေချာအောင်ကြည့်ပါ။ တကယ်လို့ အမှန်ခြစ်ထားတာမရှိရင် အမှန်ခြစ်ပေးလိုက်ပါ။



 Android Device Manager ဆိုတာ တော်တော်အသုံးဝင်တဲ့ Android စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီး၊ မိမိဖုန်းရဲ့တည်နေရာ၊ အင်တာနက်သုံးစွဲခဲ့တဲ့အချိန်စတာတွေကို ခြေရာခံစစ်ဆေးနိုင်ပါတယ်။ Android ဖုန်းတွေမှာ များသောအားဖြင့် ‘Android Device Manager’ ဆိုတာကို တခါတည်း အမှန်ခြစ်ထားပေးပေမယ့်၊ တစ်ချို့ဖုန်းတွေမှာတော့ မိမိကိုယ်တိုင် အမှန်ခြစ်ပေးဖို့ လိုပါတယ်။

ဒီ feature (စွမ်းဆောင်ရည်) အလုပ်လုပ်ဖို့အတွက်၊ သင့်ရဲ့ဖုန်းဟာ အင်တာနက်ချိတ်ဆက်မှုရှိရမှာဖြစ်ပြီး၊ ဖုန်းမှာ စာဖတ်သူရဲ့ Google အကောင့်ကိုလည်း ချိတ်ဆက် ထည့်သွင်းပေးထားဖို့ လိုပါတယ်။

၎။ အဆင့် (၄) မှာတော့ ကိုယ့်ဖုန်းအခိုးခံလိုက်ရပြီဆိုရင်၊ မိမိကွန်ပြူတာ ဒါမှမဟုတ် ဖုန်းတစ်လုံးလုံးကနေ Android Device Mananger စာမျက်နှာဆီသွားပါ။ Google search မှာ အလွယ်တကူရိုက်ရှာနိုင်သလို၊ ဒီနေရာကို ကလစ်နှိပ်ပြီးလည်း သွားရောက်နိုင်ပါတယ်။



Google အကောင့်ဝင်ဖို့ ပေါ်လာတာနဲ့ မိမိ ဂျီမေးလ်နဲ့ လှို့ဝှက်နံပါတ်တို့ကို ရိုက်ထည့်လိုက်တာနဲ့၊ Android Device Manager က စာဖတ်သူရဲ့ ဖုန်းအမျိုးအစား၊ တည်နေရာ၊ လက်ရှိ အွန်လိုင်းသုံးနေလား၊ ဘယ်အချိန်အွန်လိုင်းရှိခဲ့လဲ၊ ဖုန်းက လက်ရှိဘယ်တည်နေရာမှာလဲ ဆိုတာတွေကို အတိအကျဖော်ပြပေးသွားမှာပါ။

၅။ ကွန်ပြူတာကနေပြီးတော့ ပျောက်သွားတဲ့ဖုန်းကို ‘Ring’ နှိပ်ပြီး၊ ဖုန်းသံမြည်အောင်လုပ်တာ၊ ‘Lock’ ဆိုတာရွေးပြီး လှို့ဝှက်နံပါတ်နဲ့လော့ခ်ချပစ်တာ၊ ‘Erase’ ဆိုတာနဲ့ အထဲကဒေတာတွေအကုန်လုံးကိုဖျက်ပစ်တာ စတာတွေကို လုပ်ဆောင်နိုင်သလို၊ မိမိဖုန်းဘယ်ရောက်နေလဲဆိုတာကိုလည်း ‘locate device’ နှိပ်ပေးလိုက်ရုံနဲ့ Google Map မှာ မြို့ရွာ၊ လမ်းအတိအကျပေါ်ထွက်လာမှာဖြစ်ပါတယ်။



ဒီနည်းလမ်းနဲ့ အခိုးခံရ၊ ပျောက်ဆုံးသွားတဲ့မိမိဖုန်းကို လွယ်ကူစွာပြန်ရှာနိုင်သလို၊ လုံးဝပြန်မရနိုင်တော့တဲ့အနေအထားဆိုပါကလည်း ဖုန်းထဲက မိမိရဲ့ ကိုယ်ရေးဒေတာတွေို့ ဖျက်ပစ်နိုင်တာကြောင့် ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားမှုတွေ ရှိမှာမဟုတ်ပါဘူး။

Credit 

Comments