Battery တွေ ကြာကြာသုံးလာတဲ့ အခါမှာ ဘာ့ကြောင့် အရင်ကလို အသုံးမခံနိုင်တော့တာလဲ

Battery တွေ ကြာကြာသုံးလာတဲ့ အခါမှာ ဘာ့ကြောင့် အရင်ကလို အသုံးမခံနိုင်တော့တာလဲ



၁။ Battery ၏ Capacity ကျဆင်းရခြင်း အနေဖြင့် အသုံးပြုချိန် ကြာညောင်းလာသောကြောင့် စွမ်းဆောင်ရည် ကျဆင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်တစ်ချက်အနေဖြင့် အသုံးပြုနည်း မမှန်သောကြောင့် ကျဆင်းလာခြင်းကြောင့် Battery ၏ Capacity ကျဆင်းလာကာ ယခင်ကလို ၊ ၀ယ်ယူစဉ်ကလို ကြာရှည် အသုံးမခံတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။

၂။ အသုံးပြုနည်းမမှန်သောကြောင့် ဆိုသည်မှာ Battery အား Excited ဖြစ်အောင် အသုံးမပြုခြင်းကို ဆိုလိုပါသည်။ Excited ဖြစ်အောင် အသုံးပြုခြင်းဆိုတာ ကားဂိုဒေါင်ထဲမှာ ကားတွေကို သိမ်းဆည်းထားတဲ့ အခါမှာ လပေါင်းများစွာ သိမ်းဆည်းထားခြင်း ၊ စက်လေးတောင်မနှိုးပဲ ကြာရှည်စွာ အသုံးမပြုပဲ ပစ်ထားခြင်း ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် တစ်ချို့သော Circuit များတွင် Battery အား အသုံးမပြုပဲ ကြာရှည်စွာ ပစ်ထားမည်ဆိုပါက Battery Exciting Circuit လေးများ ဖြင့် Battery ၏ Capacity အား တဖြည်ဖြည်း ကျဆင်းစေသော Product များဖြင့် တပ်ဆင်ထားခြင်းဖြစ်ပါသည်။ အဆိုပါ Product အား Battery နှင့် ချိတ်ဆက်ထားပြီး Timer ပေးကာ အချိန်ကာလ အတိုင်းအတာ တစ်ခုကြာလျင် Battery Exciting Circuit အား ON စေပြီး Battery ၏ Capacity အား တဖြည်းဖြည်းနှင့် နည်းနည်းခြင်းစီ Consumption ဖြစ်စေပါသည်။

၃။ ထိုသို့ Battery Exciting Circuit ဖြင့် ချိတ်ဆက်ထားပြီးနောက် Battery ၏ Capacity (AHC) မည်မျှ ရှိသည်။ Battery Exciting Circuit သည် Ampere မည်မျှဖြင့် Consumption ပြုလုပ်နေသည်။ အချိန်မည်မျှဖြင့် Timer အနေဖြင့် Load အနေဖြင့် Consumption ပြုလုပ်နေသောကြောင့် တရက်လျင် Ampere တန်ဖိုး မည်မျှဖြင့်  Consumption ပြုလုပ်နေသည် စသော အချက်များကို Manual အရ လူကိုယ်တိုင် တွက်ချက်ပြီး အချိန်ဘယ်လောက်ကြာရင် (ဘယ်နှရက် ၊ ဘယ်နှလ ၊ ဘယ်နှနှစ်ကြာလျင်) Battery ၏ Capacity ကုန်မည်စသော အချက်များကို တွက်ချက်ရပါမည်။ Battery ၏ Capacity ကုန်ဆုံးသွားလျင် တဖန်ပြန်လည် အားသွင်းပြီး Battery Exciting Circuit ဖြင့် ပြန်လည် ချိတ်ဆက်ပြီး အသုံးပြုသင့်ပါသည်။ Battery အား အသုံးမပြုပဲ ကြာရှည်စွာ Store ပြုလုပ်ထားခြင်းသည် ပညာရပ် တစ်ခုကို သင်ယူပြီး ထပ်မံ မလေ့လာသော အခြေအနေနှင့် ဆင်တူသည်ဟု ယူဆနိုင်ပါသည်။

၎။ Battery အသုံးပြုနည်း မမှန်ခြင်းတွင် လူကြောင့် မမှန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ Battery အား စတင်ဝယ်ယူစဉ် စက်ရုံမှ ထုတ်ပေးလိုက်သော Battery အား လုံးဝ အားကုန်အောင် အသုံးပြုသင့်ပါသည်။ ထို့နောက် Power အား မဖွင့်ပဲ 24 Hour ဆက်တိုက် အားသွင်းသင့်ပါသည်။ ထို့သို့ အားသွင်းပြီးမှသာ Power အား ဖွင့်ပြီး မိမိ အသုံးပြုလိုသော အရာအား အသုံးပြုသင့်ပါသည်။ Smart Phone ၀ယ်လျင်ဖြစ်စေ ၊ Computer ၀ယ်လျင်ဖြစ်စေ ထိုကဲ့သို့ လုပ်ဆောင်သင့်ပါသည်။ သို့သော် အဆိုပါ Smart Phone နှင့် Computer သည် လုံးဝ Brand New ဖြစ်နေစေရန်မူ လိုအပ်ပါသည်။ အသုံးပြုနေစဉ် အနေအထားတွင်လည်း Battery ၏ Capacity အား 15 %  or 20% ထက်လျော့နည်းပြီး အသုံးမပြုသင့်ပါ။ အဆိုပါ 15 % or 20% ထက်လျော့နည်းသွားလျင် အားပြန်လည်းသွင်း (Recharge) ပြုလုပ်သင့်ပါသည်။ Battery အား Power Source ဖြင့် အမြဲတမ်း အားသွင်းပြီးလည်း အသုံး မပြုသင့်ပါ။ Full Charge ဖြစ်လျင် (တနည်းအားဖြင့် 100% အားပြည့်လျင် External Power Source အား (AC Socket) အား ဖြုတ်ပြီး အသုံးပြုသင့်သည်။ 50 % ခန့် Battery ၏ Capacity ကျသွားလျင် ပြန်လည်အားသွင်းသင့်သည်။ အဆိုပါ Cycle အတိုင်း လိုက်နာခြင်းသည် Battery အား Long Life အနေဖြင့် ကြာရှည် အသုံးပြုစေနိုင်ပါသည်။

၅။ Battery Charger ပြုလုပ်မည့် Battery Adapter (Battery အားသွင်းသည် Device) အား ၀ယ်ယူစဉ်က ပါလာသော Adapter အား တသမတ်တည်း အသုံးပြုခြင်းသည်လည်း အရေးကြီးပါသည်။ တွေ့ရြာ့ကုံရာ Adapter ဖြင့် အသုံးပြုခြင်း မပြုလုပ်သင့်ပါ။ အထူးသဖြင့် ပုံမှန်အားမရှိသော Battery အား ၀ယ်ယူစဉ်က ပါလာသော Adapter ဖြင့် အားသွင်းလျင် Full Charge ဖြစ်ရန် အချိန် ၁၀ နာရီ အားသွင်းရသည် ဆိုပါစို့ ။ တခြား Adapter သည့်  ပုံမှန်အားမရှိသော အခြေအနေမှ Full Charge ဖြစ်ရန် ၅ နာရီ သာ အားသွင်းရသည် ဆိုပါက အဆိုပါ ၅ နာရီဖြင့် အားသွင်းရသော Adapter အား အသုံးမပြုသင့်ပါ။ လူ့သဘောဆိုသည်မှာ မြန်မြန်အားသွင်း ၊ မြန်မြန် အားပြည့် ၊ မြန်မြန် အသုံးပြုချင်သော သဘောရှိပါသည်။ ထို့ကြောင့် အားပြည့်တာ မြန်သော Adapter ကို ပိုမို သဘောကျလေ့ ရှိပါသည်။ ထို့ကြောင့် Adapter အမျိုးအစား များစွာအား ကြုံသလို အသုံးမပြုသင့်ပါ။

၆။ မိမိ အသုံးပြုနေသော Product ၏ အတွင်းပိုင်းတွင် အချို့သော Component များ Leakage ဖြစ်နေခြင်း သည်လည်း Battery Capacity အား ယခင်ကလို အသုံးမခံတော့ပဲ အားကုန်စေပါသည်။ Component တစ်ချို့ Leakage ဖြစ်ခြင်းဆိုသည်မှာ လုံးဝ Short ဖြစ်သွားခြင်းလည်း မဟုတ် ၊ လုံးဝ Open ဖြစ်သွားခြင်းလည်း မဟုတ်ပါ။    အသုံးပြုတာ ကြာလာလေလေ Leakage ဖြစ်လာလေလေ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် Brand မရှိသော Product များတွင် ပိုမို ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ Leakage အခြေအနေသည် Capacitor များတွင် ပိုပြီး အဖြစ်များပါသည်။ လုံးဝ Explode ဖြစ်သွားခြင်းလည်း မဟုတ်ပါ။ Component Leakage ဖြစ်ခြင်း သဘောတရားသည် ရေပိုက် တစ်ခုတွင် လုံးဝ ပေါက်ထွက်သွားသည်အထိ အပြင်သို့ ထွက်သွားခြင်း မဟုတ်ပဲ အပ်ပေါက်ခန့်ရှိသော (အပေါက် သေးငယ်သော အပေါက်လေးများ ရေပိုက်တွင် ) ဖြစ်ပေါ်လာပြီး ရေများ အပြင်သို့ ထွက်သွားသော ပုံစံ ဥပမာ တူညီပါသည်။

၇။ တခြား Application ပေါင်းများစွာအား တပြိုင်နက်တည်း အသုံးပြုခြင်း ၊ နောက်ခံ Background တွင် Run နေသော Application များ ၊ Hidden Process များ ၊ Virus များ ရှိနေခြင်း သည်လည်း Battery အား ယခင်ကလို ကြာရှည် စွာ အသုံးမပြုနိုင်ပဲ မြန်မြန် အားကုန်စေနိုင်ပါသည်။ Graphic ပိုင်းဆိုင်ရာ အလွန်ကောင်းသော Game များ ကစားခြင်းသည်လည်း Battery အား မြန်မြန်ကုန်စေနိုင်ပါသည်။ နောက်ခံ Backlight လား အမြဲတမ်း ON ထားလျင်လည်း Battery အား မြန်မြန် ကုန်စေနိုင်ပါသည်။ သီချင်းအား Volume အကျယ်ဆုံးဖြင့် နားထောင်ခြင်း ၊ ဇာတ်ကားများအား ကြည့်ခြင်းသည်လည်း အခြားသော လုပ်ဆောင်ချက်များထက် Battery အား မြန်မြန် ကုန်စေနိုင်ပါသည်။

၈။ Laptop ကဲ့သို့သော Device များတွင် USB Port များမှ လည်အားကောင်းမွန်သော Fan အရေအတွက် များစွာအား Laptop အသုံးပြုစဉ် တပ်ဆင်အသုံးပြုခြင်း ၊ SmartPhone များအား Laptop USB Port မှ အားသွင်းခြင်း ၊ External Speaker အသေးစားလေးများအား AC Power မှ တဆင့် ချိတ်ဆက်ပြီး သီချင်းဖွင့်ခြင်း မဟုတ်ပဲ Laptop USB Port ရှိ Power မှတဆင့် အသုံးပြုခြင်းသည်လည်း Battery အား မြန်မြန် အားကုန်စေနိုင်ပါသည်။

၉။ Laptop များတွင် ထိုသို့ USB Port များမှ တဆင့် အသုံးပြုခြင်းသည် ယခင်က ရေကန် တစ်ကန် အတွင်းရှိ ရေများအား ၁ လက်မ ပိုက်တစ်ခုတည်းဖြင့်သာ ထုတ်ယူအသုံးပြုနေသော အခြေအနေမှ 0.1 လက်မ ကဲ့သို့သော ရေပိုက်များစွာအား ထပ်မံ တပ်ဆင်ပြီး တပြိုင်တည်း အသုံးပြုသောကြောင့် ရေကန်အတွင်းရှိရေများ (Battery အား) မြန်မြန်ကုန်သွားသော အခြေအနေနှင့် တူညီပါသည်။



ကျေးဇူးတင်ပါတယ်။
ကိုမျိုး (အီလက်ထရောနစ်)
Credit

Comments